February 28, 2026 Uncategorized

နှင်းကျတဲ့ နေ့

နှင်းကျတဲ့ နေ့တွေဆို ကမ္ဘာကြီးက ပိုပြီး တိတ်ဆိတ်သွားသလို ခံစားရတယ်၊ ဆူညံသံတွေကို နှင်းတွေက စုပ်ယူထားလိုက်သလိုမျိုး…

အပြင်မှာ အေးနေပေမယ့် ကိုယ့်အတွက် ကော်ဖီပူပူလေးတစ်ခွက်ရယ်၊ ပြတင်းပေါက်ကနေ ငေးကြည့်ရတဲ့ နှင်းဖွေးဖွေး မြင်ကွင်းရယ် ရှိနေရင် လုံလောက်ပါပြီ၊ ဒီလို အချိန်မျိုးဟာ ကိုယ့်နှလုံးသားနဲ့ ကိုယ် ပြန်စကားပြောဖို့ အကောင်းဆုံး အချိန်ပါပဲ 💟

အအေးဓာတ်က ကိုယ့်ကို အထီးကျန်စေတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အတွင်းစိတ်က နွေးထွေးမှုကို ပိုပြီး သတိထားမိစေတာပါ ☕️🌨️

ကမ္ဘာကြီးက အေးစက်နေရင်တောင်

နှလုံးသားတွေကတော့ အမြဲတမ်း နွေးထွေးနေပါစေဖို့ ဆုတောင်းရင်းး🧣✨

With love

Khit 🦋