February 28, 2026 Uncategorized

အားလုံး ပျော်ရွှင်နွေးထွေးတဲ့ Christmas ဖြစ်ပါစေ

အားလုံး ပျော်ရွှင်နွေးထွေးတဲ့ Christmas ဖြစ်ပါစေ 🎄🤍

ပျော်ရွှင်နွေးထွေးခြင်းဆိုတာ အပြင်ပန်း အလှဆင်မှုတွေမှာသာမကဘဲ ကျွန်မတို့ရဲ့ အတွင်းစိတ်မှာ ငြိမ်းချမ်းစွာ တည်ရှိနေတဲ့ အရာဖြစ်ပါတယ်

ဒီနေ့မှာ…

💝ကိုယ်ချစ်ရသူတွေနဲ့ အတူတူရှိနေတဲ့ အခိုက်အတန့်တိုင်းကို တန်ဖိုးထားဖို့ မမေ့ပါနဲ့၊ အချိန်ပေးပြီး နားထောင်ခြင်း၊ ရိုးသားစွာ ပြုံးပြခြင်းဖြင့် မေတ္တာကို ဖော်ပြပါ

💝ဘဝမှာ ရုတ်တရက် ရောက်လာတဲ့ ခက်ခဲမှုတွေ၊ စိတ်ဖိစီးမှုတွေအားလုံးကို ခေတ္တခဏလေး ဘေးဖယ်ထားပါ

💝နှစ်ကုန်ခါနီး ဒီအချိန်လေးမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့အရာတွေ၊ ကိုယ့်ရဲ့ ခွန်အားတွေကို ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ

With love

Khit Diary 🦋