အိမ်အလွမ်း
အိမ်အလွမ်းဟာ အလွမ်းတစ်ခုထက် ပိုပါတယ် ![]()
တစ်ချိန်က ရှိခဲ့ဖူးတဲ့ ဖြစ်တည်မှု တစ်ခု၊ ရခဲ့ဖူးတဲ့ စိတ်လုံခြုံမှု တစ်ခုကို ပြန်လည်တမ်းတခြင်းပါ
အခုလို ပွဲတော်ရာသီတွေဟာ အိမ်အလွမ်းကို ပိုမိုပြင်းထန်စေတဲ့ အချိန်တွေပါပဲ၊ ဘောင်ခတ်ထားတဲ့ ပျော်ရွှင်မှုတွေကြားမှာ လွတ်လပ်တဲ့ နွေးထွေးမှုကို ပြန်လည်ရှာဖွေမိရတာပါ
တမ်းတမိရတာ ရိုးရိုးအိမ်နံရံတွေပဲမဟုတ်ပါဘူး၊ ရယ်သံစကားသံတွေ၊ အစားအသောက်တွေ၊ အပြုံးတွေ၊ အဖြစ်အပျက်တွေ အားလုံးကိုပါပဲ
ပြီးတော့ မိသားစု၊ ချစ်ရသူတွေနဲ့အတူ ခိုင်မြဲခဲ့ဖူးတဲ့ ပတ်သက်ဆက်နွှယ်မှုတွေ၊ ပြတ်စဲသွားတဲ့ ဆက်ဆံရေးတွေရဲ့ မပြီးပြတ်သေးတဲ့ စာမျက်နှာတွေ… စုံလို့ပေါ့
အနက်ရှိုင်းဆုံး တမ်းတခြင်းကတော့ ကြီးပြင်းလာရင်း မေ့သွားခဲ့တဲ့ ကိုယ်ပိုင်ဆန္ဒတွေနဲ့ ဖုံးကွယ်ထားခဲ့မိတဲ့ ကိုယ့်ရဲ့ပုံစံအမှန်ပဲ ဖြစ်မယ်ထင်ပါတယ် ![]()
အိမ်အလွမ်းဟာ အလွမ်းတစ်ခုထက် အများကြီး ပိုပါတယ်
ပြင်ပက “ငါ” နဲ့ အတွင်းထဲက “ငါ” ကြားက ကွာဟမှု အရမ်းဝေးမသွားရအောင်ပြန်လည်ထွေးပွေ့ပေးဖို့ နှလုံးသားထဲကနေ အားယူတောင်းဆိုနေတဲ့ အသံပါပဲ![]()
With love
Khit Diary ![]()