Skip to content
KD Khit Diary
Menu
Journal

Journal note · June 27, 2026

ဝမ်းနည်းရခြင်းအကြောင်း

ကိုယ့်ရင်ထဲမှာ ဝမ်းနည်းမှုကို ခံစားနိုင်သေးတယ်ဆိုတာ သိစိတ်နဲ့ နှလုံးသားလေး အသက်ရှင်နေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ညအမှောင်ယံမှာ တိတ်တိတ်တိုးဝင်လာတတ်တဲ့ အတွေးတွေ၊

လူတစ်ဦး၊ သတင်းစကားတစ်ခု၊ ဓာတ်ပုံတစ်ပုံကနေ ရုတ်တရက် ဗြုန်းခနဲ ရင်ထဲထိုးဝင်လာတဲ့ ခံစားချက်တွေ၊

ရုပ်ရှင်ဇာတ်ဝင်ခန်းလေးတစ်ခုကို ကြည့်နေရင်း မျက်ရည်ဝဲလာတဲ့ အချိန်တွေ…

ကိုယ်က ဘယ်လောက်ပဲ ရှောင်ပြေးပြေး၊ ဝမ်းနည်းမှုကတော့ သူ့အရှိအတိုင်း ရင်ထဲမှာ ရှိနေတာပါပဲ။

လက်မခံနိုင်တဲ့ ဆုံးရှုံးမှုတွေ၊ မပြောဖြစ်လိုက်တဲ့ စကားတွေ၊ မရခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ၊ မနှုတ်ဆက်လိုက်ရတဲ့ အမှတ်တရတွေ… ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်။

ကိုယ့်ရင်ထဲမှာ ဝမ်းနည်းမှုကို ခံစားနိုင်သေးတယ်ဆိုတာ “သိစိတ်နဲ့ နှလုံးသားလေး အသက်ရှင်နေသေးတယ်” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Would a conversation help?

Begin here